အမှန်တရား.. ဆိုတာ

တစ်ခါက

လူငယ်လေးတစ်ယောက်က မြို့ငယ်လေး တစ်မြို့ကို ဖြတ်လာတော့ သူ့ဆီကို လူကြီးတစ်ယောက်က . . .

" ငါ့တူရယ်။ ဦးလေး အခုထိ ဘာမှ မစားရသေးလို့ ဦးလေးကို ထမင်းစားဖို့လေး ဒါနပြုပါကွယ်။ "

လို့ လာပြောတယ်။ ဒီတော့ လူငယ်လေးက ဒီဦးလေးကြီးကို သေသေချာချာ ကြည့်လိုက်တော့ သပ်သပ်ရပ်ရပ်နဲ့ ခရီးသွားတစ်ယောက်ပုံစံ ပေါက်နေတယ်။ ဒါကြောင့်.

" ဦးလေးကို ကျွန်တော် အရင်က ဒီမြို့မှာ မတွေ့မိပါလား။ "

" ဟုတ်ပါတယ်ကွယ်။ ဦးလေးက ဒီမြို့က မဟုတ်ပါဘူး။ ဦးလေး နေထိုင်တဲ့ ရွာက သူကြီးက ဦးလေးကို ရွာမှာ မနေရတော့ဘူး ဆိုပြီး မောင်းထုတ်လို့ ဦးလေး မြို့ကြီးမှာ ရှိနေတဲ့ အမျိုးတွေဆီ သွားဖို့ တတ်လာရင်း ဒီနေရာမှာ ခဏ ခရီးတစ်ထောက် ဝင်နားတာပါကွယ်။

ဒါပေမဲ့ ရွာမှာလို မဟုတ်တော့ လမ်းစရိတ်က ပြတ်ပြီး အခု စားဖို့ ခက်ခဲလာလို့ ငါ့တူဆီက အကူအညီတောင်းရတာပါကွယ်။ "

" ဟုတ်ကဲ့ပါ ဦးလေး။ ဦးလေး ပြောလိုက်တဲ့ စကားမှာ ဦးလေးကို ရွာကနေ သူကြီးက နှင်လွှတ်တယ် လို့ ပြောတယ်နော်။ ဘာလို့ သူကြီးက နှင်လွှတ်ရတာလဲဗျာ။ "

ဒီစကားကြားတော့ ဦးလေးကြီးက သက်ပြင်းလေးကို လေးလေးပင်ပင်ချရင်း

" ဦးလေးကို သူတို့က အမှန်ပြောလို့တဲ့ ။ အမှန်ပြောလို့ ရွာကနေ မောင်းထုတ်တာတဲ့ကွယ်။ "

" ဟာဗျာ။ ဒါကတော့ လုံးဝ မဖြစ်သင့်ဘူး။ ကျွန်တော်က အမှန်တရားကို တကယ်ကို အလေးအနက်ထားတဲ့ လူဗျ။ ဒီလို အမှန်ပြောလို့ ရွာက မောင်းထုတ်တယ်ဆိုတာကို ဘယ်လိုမှ လက်မခံဘူး။
ထားတော့ ဦးလေး။ ဒါက ဦးလေး ထမင်းစားဖို့နဲ့ လမ်းစရိတ် ကျွန်တော် လှူတာပါ။ ဦးလေးလည်း အမျိုးတွေဆီကို ချောချောမောမော ရောက်ပါစေဗျာ။ "

လို့ လူငယ်လေးက ပြောပြီး သူ့အိတ်ထဲက ပိုက်ဆံ တချို့ကို ထုတ်ပေးပြီး ဦးလေးကြီးကို နှုတ်ဆက်ထွက်သွားတယ်။

လူငယ်လေးပေးသွားတဲ့ ပိုက်ဆံလေးကို ဦးလေးကြီးက လက်ထဲမှာ ကိုင်ထားရင်း သူလှည့်ထွက်မယ် လုပ်တော့ မြေပြင်ပေါ်မှာ ကျနေတဲ့ ကဒ်လေးတစ်ခုကို တွေ့လိုက်ရတယ်။ ဦးလေးကြီး ကောက်ကြည့်လိုက်တော့ ခုနက သူ့ကို အလှူငွေ လှူသွားတဲ့ ကောင်လေးရဲ့ မှတ်ပုံတင်လေး ကျကျန်ခဲ့တယ် ဆိုတာ သိလိုက်ရတယ်။

ဒါနဲ့ သူလည်း ကမန်းကတမ်း အပြေးအလွှား ကောင်လေး ထွက်သွားရာဆီကို လိုက်သွားတော့ ရှေ့ခပ်လှမ်းလှမ်းမှာ ကောင်လေး မှတ်ပုံတင် ကျသွားတာကို မသိပဲ လျှောက်သွားနေတယ်။ ဒီတော့ ဦးလေးကြီး နောက်ကနေ ကောင်လေးကို လှမ်းခေါ်တယ်။ မကြားဘူး။ မကြားတာထက် သူ့ကို ခေါ်လို့ ခေါ်နေမှန်း ကောင်လေး မသိတာ။ ဒါကြောင့် ကောင်လေး သူ့ကို ခေါ်လို့ ခေါ်မှန်း သိအောင် ဦးလေးကြီးက ကောင်လေးရဲ့ ထူးခြားတဲ့ အမှန်တရားလေးကို ထုတ်ပြီးခေါ်လိုက်တယ်။

" ဟိုရှေ့က ငါတူ။ မျက်စိတစ်ဖက်လပ်နေတဲ့ ငါ့တူကြီး ။ မင်း မှတ်ပုံတင် ကျနေလို့ ဦးလေး လိုက်ပေးတာဟေ့။ " " မျက်စိ တစ်ဖက်လပ်နေတဲ့ ငါ့တူရေ။ "

ဒီလို လိုက်အော်နေတော့ ပတ်ဝန်းကျင်က လူတွေကလည်း ကောင်လေးကို ကြည့်ပြီး သူ့ကို ခေါ်နေတယ် လို့ ပြောမှ ကောင်လေးကလည်း ဦးလေးကြီး ခေါ်နေတာကို သတိထားမိတော့တယ်။ ဒါနဲ့ သူရပ်ပြီး နောက်ကို လှည့်ကြည့်လိုက်တော့. ..

" မျက်စိတစ်ဖက်လပ်နေတဲ့ ငါ့တူကြီး။ မင်း မှတ်ပုံတင် ကျနေလို့ ဦးလေး လိုက်ပေးတာကွ။ "

လို့ ပြောတော့ ကောင်လေးက ဦးလေးကြီး လက်ထဲက မှတ်ပုံတင်ကို ဆတ်ခနဲ ဆွဲယူသွားပြီး ဦးလေးကြီးနားနား တိုးပြီး ကပ်ပြောသွားတယ်။

" သူကြီးမို့လို့ ခင်ဗျားကို ရွာက မောင်းထုတ်တာ။ ကျွန်တော်သာဆို သတ်ပစ်တယ်။ "

တဲ့လေ။ ကဲ။ ဒီလိုပါပဲ။
လောကကြီးမှာ လူတွေက နည်းနည်းတော့ ခက်တယ်နော်။


မှတ်ချက် ။ ။ ရွာ နှင့် မြန်မာ မမှားဖတ်မိကြပါစေနှင့်။

င်္်fwdmail မှ

မာစတာကီး ( Master Key )

စကားဝိုင်း တစ်ခုမှာ အမျိုးသမီး တစ်ယောက်က ပြောတယ်

"ရှင်တို့ ယောက်ျားတွေက မိန်းမတွေနဲ့ ထည်လဲ အိပ်တော့ "ယောက်ျားကောင်း မောင်းမတစ်ထောင်"တဲ့။ မိန်းမတွေက ယောက်ျား တစ်ယောက်ထက်များ ပိုအိပ်မိရင်တော့ မကောင်းတဲ့ မိန်းမ။ ကြေးစားမတဲ့။ အတော်လည်း မတရားတာပဲ။ မိန်းမတွေကိုဆိုရင် နှိမ်ချင်ကြတာပဲ။"


အဲဒီတော့ ယောက်ျားတစ်ယောက်က ပြန်ပြောတယ်။

ဒါက ဒီလို ရှိပါတယ် အစ်မကြီးရယ်။ သော့တံတစ်ချောင်းက သော့ခလောက်တွေ အများကြီးကို ဖွင့်နိုင်ရင် "မာစတာကီး"လို့ ခေါ်တယ်လေ။ သော့ခလောက် တစ်ခုကို ဘယ်သော့တံမဆို ဖွင့်နိုင်ရင်တော့ သုံးစားလို့မရတဲ့ သော့ခလောက် ဖြစ်သွားမှာပေါ့....:P


မှတ်ချက် - အင်တာနက်မှ ဟာသကို ဘာသာပြန်သည်။

စကားလေးတစ်ခွန်း

စကားတစ်ခွန်းတဲ့ဗျာ :((

"ဝိုင်ပဲမူးမူး...အရက်ပဲမူးမူး...အဲဒီအမူးပြေအောင်...ကော်ဖီခပ်ပြင်းပြင်းတစ်ခွက်က ကူညီနိုင်ပေမဲ့ ..."...." လူတစ်ယောက်ရဲ့ဘဝမှာ ဘဝမူးလွန်သွားရင်တော့ ကော်ဖီခပ်ပြင်းပြင်းတစ်ခွက်က ကူညီနိုင်မှာ မဟုတ်ပါဘူး"....
တဲ့လေ...။"အဲဒီတော့ ဘဝနဲ့ပတ်သက်လာရင် ...မမူးပါစေနဲ့"

အော်......... :((

အဖြည့်ခံ.

တစ်ခါက လူငယ်လေးတစ်ယောက်ဟာ…ပန်းဥယျာဉ်ေ
လးတစ်ခု တည်ဆောက်ဖို့ ဆုံးဖြတ်လိုက်တယ်တဲ့။

သူဟာအရင်ဆုံး ရေနဲ့ လဲနီး မြေဆီမြေသြဇာလဲ ကောင်းတဲ့နေရာတစ်ခုမှာ
မြေကွက်လပ်ကျယ်ကျယ်လေးတစ်ခုဝယ်လိုက်တယ်။

နောက်…မြေကွက်လပ်ရဲ့ ထောင့်နေရာမှာ သူနေဖို့ တဲလေးတစ်လုံးထိုးလိုက်တယ်။

ပြီးတော့…သူက ဘာဆက်လုပ်ရမလဲစဉ်းစားတယ်။

ပထမဆုံး သူရဲ့ ဥယျာဉ်လေးကို အပြင်လူတွေမနှောက်ယှက်နိုင်အောင်
ခြံစည်းရိုးခတ်ရမယ်ပေါ့။

အဲဒါနဲ့ သူကိုယ်တိုင်း ၀ါးတွေခုတ်တယ်…နောက် ၀ါးလုံး ၀ါးခြမ်းတွေနဲ့
သူပိုင်မြေကွက်လေးကို ခြံစည်းရိုးခတ်လိုက်တယ်ပေါ့။

ခြံစည်းရိုးခတ်ပြီးသွားတဲ့အခါ လူငယ်လေးက စဉ်းစားတယ်။

ဒီဝါးခြံစည်းရိုးဟာ…နောက်ဖြစ်လာမယ့် သူ့ ရဲ့ ဥယျာဉ်လေးနဲ့ မလိုက်ဖက်ဘူးပေါ့။

ဘယ်လိုလုပ်ရင်ကောင်းမလဲ စဉ်းစားရင်း လူငယ်လေးဟာ တောထဲကိုထွက်လာခဲ့တယ်။

တစ်နေရာအရောက်မှာ…သစ်ပင်ကြီးတစ်ပင်ကို တွယ်တက်ပြီးပေါက်နေတဲ့ အရမ်းလှတဲ့
ခရမ်းရောင်ပန်းတွေကို သတိထားမိသွားတယ်။

ခရမ်းရောင်ပန်းတွေက နွယ်ပင်ကနေ ပေါက်နေတာပဲ။

နွယ်ပင်ရဲ့ ပင်စည်မှာလဲ ချွန်မြတဲ့ ဆူးတွေနဲ့ ။

အဲဒီ ပန်းနွယ်ပင်တွေကိုကြည့်ပြီး လူငယ်လေးကအကြံတစ်ခုရသွားတယ်။

သူ့ ရဲ့ ၀ါးခြံစည်းရိုးပေါ်ကနေမံပြီး ဆူးပါတဲ့ ပန်းနွယ်ပင်စိုက်ရမယ်ပေါ့။

ဒါဆို သူရဲ့ ပန်းဥယျာဉ်ကြီးနဲ့ လဲလိုက်ဖက်မယ်….သူ့ ဥယျာဉ်ကြီးကို
နှောက်ယှက်မယ့်သူတွေရန်ကလဲ ကာကွယ်ပြီးဖြစ်မယ်လေ။

အဲဒါနဲ့ သူက…နွယ်ပန်းခြုံကြီးကနေ အပင်ပေါက်လေးတစ်ခု ယူလာခဲ့တယ်။

နွယ်ပင်ပေါက်လေးကတော့ပျော်လို့ ပေါ့။

ဘယ်သူ့ ကမှသူ့ ကို အခုလို တယုတယ စိုက်ပျိုး ဖို့ ယူမသွားခဲ့ဖူးဘူးလေ။

လူငယ်လေးက နွယ်ပင်ပေါက်လေးကို ယူသွားပြီး ခြံစည်းရိုးရဲ့
ထောင့်တစ်နေရာကနေ စပြီးစိုက်တယ်။

ဒီအပင်လေးဟာ သူ့ အတွက်တော့ ပထမဆုံးပန်းပင်လေးပဲလေ။

နေ့ တိုင်း နွယ်ပင်ပေါက်လေးကို ရေလောင်း မြေဆွ မြေသြဇာထည့်ပေးတယ်။

ပြီးတော့ မြေရိုင်းဖြစ်နေတဲ့ သူ့ ရဲ့ မြေကွက်လပ်ကိုလည်း
ပန်းပင်အမျိုးမျိုး စိုက်လို့ ရအောင် ပေါင်းသင် မြေဆွပေးတယ်။

တောထဲမှာ အကြမ်းပတမ်းရှင်သန်နေရတဲ့ နွယ်ပင်လေးဟာ အခုလို ကရုတစိုက်
ရေလောင်းမြေဆွပေးတော့ တရှိန်ထိုးကြီးထွားလာတာပေါ့။

အရွက်တွေလဲ ဖားဖားဝေေ၀၊ ပင်စည်က ဆူးတွေကလဲ ချွန်မြလို့ ။

ဝါးခြံစည်းရိုးကို ဖြန့် ကျက်ခြုံလွှမ်းလို့ သူ့ သခင် ဥယျာဉ်မှုးလေးရဲ့ ခြံ
ကိုအစွမ်းကုန်ကာကွယ်ပေးဖို့ ဆုံးဖြတ်ချက်ချထားလေရဲ့ ။

နွယ်ပင်လေး ခြံစည်းရိုးတစ်လျှောက်ကြီးထွားလာတာနဲ့ အမျှ လူငယ်လေးရဲ့
ခြံဟာလဲ ပန်းပင်တွေ စိုက်ပျိုးဖို့ အဆင်သင့်ဖြစ်လာပြီလေ။

ဒါနဲ့ တစ်နေ့ တော့ လူငယ်လေးဟာ မြို့ ကိုတက်ပြီး ပန်းမျိုး စေ့တွေသွားဝယ်တယ်။

လူငယ်လေးမရှိတဲ့အချိန်မှာ နွယ်ပင်လေးဟာ သူ့ ရဲ့
တာဝန်ကိုအစွမ်းကုန်ထမ်းဆောင်ပြီး ခြံကို
ကာကွယ်စောင့်ရှောက်ရင်းကျန်ခဲ့ပါတယ်။

၃ ရက်လောက်ကြာတော့ လူငယ်လေးက မြို့ ကပြန်ရောက်လာတယ်။

မျိုးစေ့ထုပ်တွေနဲ့ ၀မ်းသာနေတဲ့ လူငယ်လေးဟာ သူ့ ရဲ့ နွယ်ပင်လေးကိုတောင်
နှုတ်မဆက်အားပဲ မေ့လျော့နေခဲ့ပါတယ်။

အဲဒါကြောင့် သူရဲ့ နွယ်ပင်လေးမှာ ခရမ်းရောင် ပန်းပွင့်လေးတွေ
စပွင့်နေပြီဆိုတာကို သူသတိမထားမိခဲ့ဘူး။

နောက်နေ့ တွေလဲ လူငယ်လေးဟာ ပေါင်းသင်မြေဆွထားတဲ့ မြေပေါ်မှာ သူဝယ်လာတဲ့
ပန်း မျိုးစေ့တွေကျဲရင်းအလုပ်များနေခဲ့တယ်။

နွယ်ပင်လေးကို ရေလောင်းဖို့ နေနေသာသာ လှည့်တောင်မကြည့်ဖြစ်ခဲ့ပါဘူး။

ဒါပေမယ့်လည်း သန်မာနေပြီဖြစ်တဲ့ နွယ်ပင်လေးဟာ
လူငယ်လေးအလုပ်များနေတာကိုကြည့်ပြီး ကြည်နူးရင်းနဲ့ ဆက်ကြီးထွားလာခဲ့တယ်။

တစ်နှစ်လောက်ကြာတဲ့အခါ လူငယ်လေးရဲ့ ခြံလေးဟာ ပန်းတွေအစုံအလင်နဲ့
အရမ်းလှတဲ့ ဥယျာဉ်လေးတစ်ခုဖြစ်လာခဲ့တယ်။

ခြံစည်းရိုးတစ်ခုလုံးလဲ ခရမ်းရောင်ပန်းနွယ်တွေနဲ့ လွှမ်းခြုံ လို့
ဥယျာဉ်ကြီးနဲ့ အရမ်းကို ပနံရနေခဲ့တယ်။

ပတ်ဝန်းကျင်ကလူတွေကလဲ ခရမ်းရောင်ခြံစည်းရိုးကြီးကိုကြည့်ပြီး လူငယ်လေးရဲ့
ဥယျာဉ်ကို ခရမ်းရောင် ဥယျာဉ်လို့ နာမည်ပေးထားကြတယ်။

ဒါပေမယ့် ပိုင်ရှင်လူငယ်လေးကတော့…သူ့ ခြံစည်းရိုးက နွယ်ပင်လေးကို
သတိတောင်မထားမိပါဘူး။

သူ့ ခြံထဲက မျိုးကောင်းမျိုးသန့် ပန်းတွေနဲ့ ပဲအလုပ်များနေခဲ့တယ်။

ခြံစည်းရိုးပေါ်က နွယ်ပင်လေးခမျာသူ့ ကိုကရုမစိုက်တော့လဲ လူငယ်လေးကို
အပြစ်မတင်ရက်ပါဘူး။

တောထဲကနေ ခေါ်လာပြီး ခြံစည်းရိုးပေါ်မှာနေရာပေးခဲ့တာကိုပဲ ကျေးဇူးတင်နေပြီး
ဥယျာဉ်ကြီးကို အစွမ်းကုန်ကာကွယ်ပေးနေခဲ့တယ်။

တစ်နေ့ တော့လူငယ်လေးက တွေးမိတယ်။

သူ့ ရဲ့ အရမ်းလှတဲ့ ဥယျာဉ်ကြီးကို ပတ်ဝန်းကျင်ကိုပြချင်တယ်။

ဒီဥယျာဉ်ကြီးအတွက်နဲ့ ဂုဏ်ယူချင်တယ်။

ပတ်ဝန်းကျင်က လူတွေက ခရမ်းရောင် ဥယျာဉ်လို့ ခေါ်တာကိုတောင် သဘောမတွေ့ တော့ဘူး။

သူ့ ဥယျာဉ်ထဲမှာက ပန်းရောင်စုံရှိနေတာပဲလေ…

အဲဒီတော့ ခြံစည်းရိုးက နွယ်ပင်တွေကို မကြိုက်တော့ဘူး…ရှုပ်တယ်လို့ မြင်လာတယ်။

သူ့ ဥယျာဉ်ကြီးရဲ့ အလှကို ဖုံးကွယ်ထားတယ်လို့
မြင်လာတယ်…နွယ်ပင်တွေကြောင့် ခြံထဲမှာ အလင်းရောင်နည်းနေတယ်လို့
ခံစားလာရတယ်။

ဒါနဲ့ တစ်နေ့ တော့ ဒါးတစ်ချောင်းနဲ့ နွယ်ပင်တွေအကုန်ခုတ်ချပါလေရော။

ဒီနွယ်ပင်တွေဟာ သူ့ ရဲ့ ပထမဆုံးပန်းပင်ဆိုတာကိုလဲ မေ့သွားတယ်

သူ့ ဥယျာဉ်ကြီးကို နှစ်ပေါင်းများစွာ ကာကွယ်ပေးခဲ့တာကိုလဲ မေ့သွားတယ်။

နွယ်ပင်လေးကတော့ ဘာတတ်နိုင်မှာလဲ….

ရင်နာရင်းနဲ့ ပဲ….သူချစ်တဲ့ သခင်ရဲ့ ဒါးချက်အောက်မှာ အကိုင်းအခက်တွေ တိခနဲတိခနဲ…

မကြာခင်မှာပဲ ၀ါးခြံစည်းရိုးကို ဖုံးထားတဲ့ နွယ်ပင်ရဲ့
အကိုင်းအခက်တွေအကုန်ကုန်သွားပြီး ၀ါးခြံစည်းရိုးပဲကျန်ခဲ့တယ်။

ဥယျာဉ်တစ်ခုလုံးလဲ လင်းသွားပြီး လူငယ်လေးလဲ ကျေနပ်သွားတော့တယ်။

နောက်ရက်တွေကျတော့ လူတွေက…၀ါးခြံစည်းရိုးကြားကနေမြင်နေရတဲ့ လူငယ်လေးရဲ့
ဥယျာဉ်ကို ပိုချီးမွမ်းကြတယ်။

အနားက ဖြတ်သွားတဲ့ လူတိုင်း ဥယျာဉ်ကြီးကို ရပ်မကြည့်ရရင်
မနေနိုင်အောင်ကို ဥယျာဉ်ကြီးကလှပါတယ်။

လူငယ်လေးကလဲ သူ့ ဥယျာဉ်အတွက်အရမ်းကို ဂုဏ်ယူနေခဲ့တယ်။

တစ်ရက်တော့ လူငယ်လေးဟာ သူ့ ဥယျာဉ်အတွက် လိုအပ်တဲ့ မြေသြဇာတွေဝယ်ဖို့
မြို့ ကိုသွားရတယ်။

ဥယျာဉ်ကြီးကိုတော့ အိမ်နီးချင်းတွေလက်ထဲအပ်ထားခဲ့ရတာပေါ့။

ဒါပေမယ့် မကြာခင်ပဲ ဥယျာဉ်ကြီးနားကို နမော်နမဲ့ နိုင်တဲ့
ဆိတ်ကျောင်းသားတစ်ယောက်ရဲ့ ဆိတ်အုပ်တစ်အုပ်ရောက်လာခဲ့တယ်။

ဆာလောင်နေတဲ့ စည်းမဲ့ကမ်းမဲ့ဆိတ်တွေအတွက်တော့ ဥယျာဉ်ထဲက
ရွက်နုပွင့်နုလေးတွေဟာ…အရမ်းကိုဆွဲဆောင်အားကောင်းနေခဲ့တာပေါ့။

ခါတိုင်း သူတို့ ကိုတားဆီးနေတဲ့ ဆူးနွယ်ပင်တွေလဲမရှိတော့ဘူးဆိုတော့
ဝါးခြံစည်းရိုးကိုအတင်းတိုးပြီးဝင်ကြတယ်။

ဝါးခြံစည်းရိုးက ဆာလောင်နေတဲ့ ဆိတ်တွေရဲ့ ဒဏ်ကိုဘယ်ခံနိုင်မလဲ။

ဆိတ်တွေရဲ့ တွန်းထိုးမှုအောက်မှ လဲကျ ကျိုးပျက်သွားတယ်။

ခြံစည်းရိုးလဲ ကျိုးသွားရောဆိတ်တွေဟာ ဥယျာဉ်ထဲဝင်ပြီးထင်တိုင်းကျဲတော့တာပါပဲ။

ပျိုးပင်လေးတွေကို နင်းခြေကြတယ်၊ ပန်းပွင့်တွေကို ၀ါးမြိုကြတယ်၊
ရွက်နုတွေကို စားသောက်ကြတယ်။

စားလို့ မရတဲ့ အပင်တွေအကိုင်းတွေကျတော့ ကိုယ်လုံးတွေနဲ့ တွန်းတိုက်ချိုးဖဲ့ကြတယ်။

ဆိတ်အုပ်ကြီးဟာ စားသောက်သောင်းကျန်းလို့ ၀မှ ဥယျာဉ်ထဲကနေ ပြန်ထွက်သွားကြတယ်။

ဥယျာဉ်မှုးလူငယ်လေးပြန်ရောက်လာတဲ့ အခါမှာတော့ မမြင်ရက်စရာ မြင်ကွင်းက
ဆီးကြိုနေပါတယ်။

တာဝန်ပေါ့လျော့ပြီး စောင့်ကြည့်ဖို့ မေ့နေခဲ့တဲ့ အိမ်နီးချင်းတွေလဲ
ဘာမှမပြောနိုင်ကြပါဘူး။

ဥယျာဉ်ကြီးရဲ့ ခြံစည်းရိုးက လဲကျ ကျိုးပျက်နေတယ်။

ခြံထဲမှာလဲ….အပင်ကျိုးတွေ၊ အပွင့်ကြွေတွေ၊ အရွက်ကြေတွေနဲ့ ရှုပ်ပွ ညစ်ပတ်နေတယ်။

ဥယျာဉ်မှုးလေးဟာ မူးမေ့လဲကျသွားမတတ်ခံစားလိုက်ရပါတယ်။

သူအရမ်းတန်ဖိုးထား မြတ်နိုးရတဲ့ ဥယျာဉ်ကြီးဟာ အခုတော့
အမှိုက်ပုံတစ်ခုလိုဖြစ်နေပါပြီ။

ဒါပေမယ့်လဲ…ဖြစ်တာက ဖြစ်ပြီးသွားပြီမို့ ရင်နာနာနဲ့ ပဲ ပြန်ပြင်ဆင်ဖို့
ကြိုးစားရပါတော့တယ်…

အရင်ဆုံး အပင်ကျိုး အရွက်ကြေ တွေကိုအရင်ရှင်းထုတ်ရတယ်။

နောက်တော့ အကောင်းကျန်သေးတယ် အပင်လေးတွေ နည်းနည်းကို ပြန်ပြီးသေချာ မြေဆွ
အားဖြည့်ရတယ်။

ပျက်ဆီး သွားတဲ့ အပင်တွေနေရာမှာ ပြန်စိုက်ဖို့…ပျိုး ပင်ပေါက်လေးတွေပြန်မွေးရတယ်။

ရှင်းလင်းတဲ့အလုပ်တွေပြီးသွားတဲ့အချိန်မှာ ဥယျာဉ်မှုးလေးဟာ
ကျိုးပဲ့ပျက်ဆီးနေတဲ့ ခြံစည်းရိုးကိုကြည့်မိတယ်။

ဆိတ်တွေကြောင့် ကျိုးပျက်သွားတဲ့ ခြံစည်းရိုးကိုလဲ ပြန်ပြုပြင်ရဦးမယ်လေ။

ဒီတစ်ခါတော့ အခိုင်အခံ့လုပ်ရမယ်လို့ ဥယျာဉ်မှုးလေးက တွေးတယ်။

အဲဒီအချိန်မှာပဲ… ခြံစည်းရိုးရဲ့ အောက်ခြေကနေ အပေါ်ကို နွယ်တက်ဖို့
ကြိုးစားနေတဲ့အပင်လေးတွေကို သတိထားမိသွားတယ်။

သေးသေးသွယ်သွယ်အပင်လေးတွေပါပဲ…ခရမ်းရောင်အပွင့်လေးတွေနဲ့
ခြံစည်းရိုးအောက်ခြေမှာ ပေါက်နေကြတာ။

အဲဒီခရမ်းရောင်အပွင့်လေးတွေကိုကြည့်ရင်း ဥယျာဉ်မှုးလေးကအရမ်းလှတယ်လို့
ခံစားလိုက်ရတယ်။

နောက်ပြီး နှစ်ပေါင်းတော်တော်ကြာ သူ့ ဥယျာဉ်ကိုကာကွယ်ပေးသွားတဲ့ သူ့ ရဲ့
ပထမဆုံး ပန်းနွယ်ပင်လေးကိုသတိရလိုက်တယ်။

သူက ဥယျာဉ်ကို ကာကွယ်ပေးနေတဲ့ ပန်းနွယ်ပင်လေးကို ရက်စက်မိပေမယ့်
နွယ်ပင်လေးကပြန်မရက်စက်နိုင်ခဲ့ပါဘူး။

ဥယျာဉ်ကြီးကို ဆက်ပြီးစောင့်ရှောက်ဖို့ အတွက် မျိုးဆက်လေးတွေထားသွားတယ်။

ဒီတစ်ခါတော့ ဥယျာဉ်မှုးလေးလဲ နားလည်သွားပါပြီ။

ခြံစည်းရိုးကို ပြန်ပြင်ပြီး ခရမ်းရောင်ပန်းနွယ်လေးတွေကိုလဲ
ကရုတစိုက်စောင့်ရှောက်တယ်..ခြံထဲက တခြားပန်းတွေနဲ့ တန်းတူပေါ့။

မကြာခင်မှာပဲ…လူငယ်လေးရဲ့ ဥယျာဉ်ကြီးက ပန်းတွေနဲ့ ပြန်ပြီးဝေဆာလာပါတယ်။

ခရမ်းရောင်နွယ်ခြံစည်းရိုးကြီးအပါအ၀င်ပေါ့။

ပြီးတော့ ခရမ်းရောင်ဥယျာဉ်ဆိုတဲ့နာမည်ကလဲ…အနီးအနားပတ်ဝန်းကျင်တင်မကပဲ
ဟိုးအဝေးအထိကျော်ကြားသွားခဲ့ပါတယ်။

……….။……..

တစ်ခါတစ်လေကျရင် ကျွန်မတို့ ပတ်ဝန်းကျင်မှာ နွယ်ပင်လေးကို အဖြည့်ခံ
လူသားတွေရှိနေတတ်ပါတယ်….

သူတို့ ကိုသတိမမူပဲ ရက်စက်မိတဲ့ခါ….ဘ၀မှာ ကျရှုံးမှုတွေကြုံလာရတတ်ပါတယ်…

ဒုတိယအကြိမ်အခွင့်အရေးဆိုတာက လဲ….အမြဲမသေချာတာမို့…..ကျွန်မတို့
ဘေးကနေ….ဖြည့်ဆည်းပေးနေတဲ့ သူတွေကို…

သတိထား တန်ဖိုးထားသင့်ပါတယ်နော်….


မကီး... ပို့ပေးသော FWD Mail မှ ထပ်ဆင့်ပြန်လည်မျှဝေလိုက်သည်။

အမေ

ကမ္ဘာကြီးက (ဒါမှမဟုတ်) လောကကြီးက
တစ်ဖက်စောင်းနင်း ဆန်ချင်ဆန်မယ်
သူကတော့ ကျွန်တော့်အပေါ်
ဘယ်တော့မှ (ဘယ်တုန်းကမှ)
တစ်ဖက်စောင်းနင်း မဆန်ခဲ့ဘူး...........
သူ့ရဲ့ ဇယားအောက်က ဖျော့တော့တော့ အပြုံးတစ်ခုဟာ
ကျွန်တော့်အပေါ် ထက်မြတ်လင်းလက်တဲ့စွမ်းအားတွေနဲ့
အေးချမ်းမှု့တွေ အများကြီးပေးနှိင်စွမ်းတယ်.............
ခရီးရောက်မဆိုက် ပြောလိုက်ချင်ဆုံး
စကားစုတစ်ရပ်က မပြောခဲ့တာ နှစ်နဲ့ ချီခဲ့ပေါ့
`အမေရေ ကျွန်တော်ပြန်ရောက်ပါပြီ` လို့............